ထားဝယ်မြို့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊ သြဝုတ် ၁ 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကျောင်းသား/သူများအား  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။ 


ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟက သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ ရှောင်ရှားရန်အချက်များကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့သည်။ 


ထို့နောက် ဒုတိယဦးစီးမှူး ဦးချမ်းမြေ့သီဟနှင့်ဝန်ထမ်းများက ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပြီး မုန်တိုင်းဘေးအသိပညာပေးပိုစတာများနှင့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် (၁၅)ဗူးအား ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။ 


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)