MNP - ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ e-Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် (၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍ မြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး e-Library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့ရုံးများမှ စာကြည့်တိုက်လုပ်ငန်းများ တာဝန်ယူဆောင်ရွက်မည့်သူများအား စာအုပ်စာစောင်များမှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးသွင်းခြင်း၊ စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းများကို e-Library Management System Software ဖြင့် ဩဂုတ်လ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment