MNP - သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာဦးဝင်ထွန်းနှင့်ဒု-မြို့လျှပ်စစ်မန်နေဂျာဦးဝေဖြိုးကျော်တို့မှ ဦးဆောင်ပြီး ယနေ့နံနက် ၈ နာရီမှစ၍ လျှပ်စစ်ဓာတ်အားပေးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွန်ရှင်းလင်းခြင်း လုပ်ငန်းများကွင်ဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာဦးဝင်းထွန်းနှင့် ဒု-မြို့လျှပ်စစ်မန်နေဂျာဦး ဝေဖြိုးကျော်တို့မှ ဦးဆောင်ပြီး ငါ့သရောက်မြို့ ၁၁ ကေဗွီ စက်စ်ယိုဖီဒါတစ်လျှောက် ဓာတ်အားလိုင်းနှင့်ထိစပ်နေသော သစ်ပင်၊ သစ်ကိုင်းများကို ယနေ့နံနက် ၈ နာရီမှစ၍ မွန်းတည့် ၁၂ နာရီအထိ ခုတ်ထွင်ရှင်းခဲ့ကြောင်း သိရသည်။ လျှပ်စစ်သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံး မှုလျော့နည်းရေးနှင့် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက်ရည် ရွယ်ပြီး ခုတ်ထွန်ရှင်းလင်းခဲ့ကြောင်းလျှပ်စစ်မန်နေဂျာ ဦးဝင်းထွန်းထံမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment