ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား



MNP - ဩဂုတ်  ၂၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန်ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဓမ္မစကူးလ်သင်တန်းတွင် (၁)တန်းမှ (၆)တန်းအထိ အတန်းလိုက်သင်ခန်းစာစာအုပ်များကို ကလေးများ၏ ဉာဏ်ရည်အလိုက် ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲ ထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်လာစေမှာဖြစ်ကြောင်း၊ ဓမ္မစကူးလ်ကျောင်း သည် တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာတစ်မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတား မဖြစ်စေသည့်အပြင် ကိုယ်ရောစိတ်ပါ ပြုပြင်ထားသော လူငယ်လေးများ ဖြစ်လာရန်ရည်ရွယ်၍ သင်ကြားရပေးခြင်းဖြစ်ကြောင်း၊ ဓမ္မစကူးလ်သင်တန်းသည် အသိဉာဏ်ပြည့်ဝပြီး တိုင်းပြည်နှင့်လူမျိုးကို စောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြရန် အတွက် ကလေးငယ်များ တက်ရောက်ရန်လိုအပ်ကြောင်း စသည်ဖြင့် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ဓမ္မစကူးလ်သင်တန်းတွင် ဆရာ/မ (၆)ဦးမှ ကျောင်းသား/သူ (၉၆) ဦးတို့ကို အပတ်စဉ်တနင်္ဂနွေ နံနက်(၉)နာရီမှ (၁၁)နာရီအချိန်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)