ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂ ခုနှစ် (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂ ခုနှစ် (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP - ဩဂုတ်   ၁၇


ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂ ခုနှစ် (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခန့်က ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက  ပြည်နယ်၏စီးပွားရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်အရင်းအနှီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ငွေကျပ် ၈ ဘီလီယံ ထောက်ပံ့ပေးထားပြီး စိုက်ပျိုးမွေးမြူရေးကိုအဓိကထား လုပ်ကိုင် သည့်ပြည်နယ်ဖြစ်သည့်အတွက်  စိုက်ပျိုးရေးထုတ်ကုန်ကို တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်ခိုင်မာမှုရှိသည့် နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအား သီးနှံအထွက်နှုန်း တိုးတက်ရရှိစေရန် လိုအပ်သည့်အရင်းအနှီးများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကလေးတိုင်းကျောင်းနေနိုင်ရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်းရေး၊ အတန်းကူးပြောင်း မှုနှုန်းကောင်းမွန်ရေး ဆက်လက်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ သာယာဝပြော၍စားရေရိက္ခာပေါ များဖူလုံရေးအတွက် ဆက်စပ်ဆောင် ရွက်ရမည့်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြဖို့ လိုကြောင်း၊ ပြည်နယ်အတွင်းလျှပ်စစ် ဓါတ်အားပြည့်ဝစွာရရှိနိုင်ရေး စီမံဆောင်ရွက်လျှက်ရှိပြီး ပြည်သူလူထုအားလုံး ကျန်းမာကြံခိုင်ရေးဆိုင်ရာကိစ္စရပ်များ ကိုလည်း အလေးထားဆောင်ရွက်ကြ ဖို့လိုကြောင်း၊ နယ်ပယ်အသီးသီးမှ အခွန်ရှောင်တိမ်းနေသူများရှိပြီး အရေးယူ ဆောင်ရွက်ဖို့လိုကာ အခွန်ဝင်ငွေတိုးတက်ရရှိလာအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ သတင်းရယူတင်ပြခြင်းများ နောက် ကျမှုမရှိစေဘဲ မဟုတ်မမှန်သတင်းထုတ်လွှင့်မှုများအား အလျှင်အမြန်တုန့်ပြန်ဆောင်ရွက်ဖို့လို ကြောင်း၊  စာရင်းဇယားများမှန်ကန်တိကျဖို့လိုပြီး ဌာနဆိုင်ရာများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။


ထို့နောက် (ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး) ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်အစီရင်ခံစာများအား (Power Point )အသုံးပြု ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြသည်။


အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်နေ့တွင် ဒုတိယနေ့အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)