ကျား၊ မအခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှု ဆိုင်ရာသင်တန်း (၁/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျား၊ မအခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှု ဆိုင်ရာသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်


MNP  ဩဂုတ် ၁၇

Helpline တာဝန်ကျဝန်ထမ်းများအား “ကျား၊ မအခြေပြု အကြမ်းဖက်မှု ဖြစ်ရပ်များ ဖြေရှင်း ဆောင်ရွက်မှုဆိုင်ရာ သင်တန်း(၁/၂၀၂၂)” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုဝန် ထမ်းဦးစီးဌာန အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်ရွယ်များအပေါ် ကျား၊ မရေးရာ အခြေပြု အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်းနှင့် တုံ့ပြန်မှု ပေးခြင်းတို့ကို သက်ဆိုင်ရာအစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်း အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများသည် အချိန်နှင့်နေရာ မရွေးဖြစ်ပွားနိုင်ကြောင်း၊ အကြမ်းဖက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်တုံ့ပြန် ကာကွယ်မှုပေးရန်လည်း လိုအပ်ကြောင်း။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာန အနေဖြင့် (၂၄)နာရီ Helpline ဝန်ဆောင်မှုကိုထားရှိပြီး တိုင်ကြားစာများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဇန်နဝါရီလမှစတင်၍ ဖုန်းဖြင့်တိုင်ကြားမှုအပြင် နည်းလမ်းမျိုးစုံ တိုင်ကြားနိုင်ရေးအတွက် Viber နှင့် Facebook Page များတည်ထောင်ကာ  စာတိုပေးပို့ တိုင်ကြားနိုင်ရေးကိုလည်း စီစဉ်ထားရှိကြောင်း။  

အကြမ်းဖက်ခံရသည့် ဖြစ်စဉ် တိုင်ကြားမှုကို လက်ခံရရှိသည်နှင့် တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ရန် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စနစ်တကျ လေ့ကျင့် သင်ကြားပေးထားသော Case Manager များက အကြမ်းဖက်ခံရသူများနှင့် တွေ့ဆုံပြီး လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် Case Management Process နှင့်အညီ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း။

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် Helpline ဖုန်းများသို့ စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ တိုင်ကြားလာသည့် Case ပေါင်း (၁၇၁၉) ရှိပြီး ယင်းတို့အနက် GBV Case (၁၀၈၀)မှုနှင့် အခြားCase (၆၄၉)မှုကို ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၇ ရက်မှ ၁၈ ရက်အထိ ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)