ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံအမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံအမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်





MNP - ဩဂုတ်   ၁၇


၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲခန့်က ဘားအံမြို့ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပသည်။


ဗိုလ်လုပွဲစဉ်အဖြစ် Old Star အသင်းနှင့် Royal Oshi အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘတ်စကတ်ဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်တွင် Old Star အသင်းက ၅၁ မှတ် ၄၁ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ စီးပွားရေးရာဝန်ကြီးဦးစော ခင်မောင်မြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆုများ၊ အတိုးတက်ဆုံးအားကစားသမားဆု၊ ငွေသား ဆုနှင့်ဆုကလပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော Old Star ဘတ်စကတ်ဘောကလပ်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆု ဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)