ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေး




MNP ၊ ဩဂုတ် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဩဂုတ် ၁၅ ရက်တွင် နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)သို့ လည်းကောင်း၊ ဩဂုတ် ၁၆ ရက်တွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနသို့ လည်းကောင်း၊ ဩဂုတ် ၁၇ ရက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ နည်းပညာ တက္ကသိုလ်(သန်လျင်)သည် နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိပြီး တက္ကသိုလ်များ၏ အရည်အသွေးအာမခံမှုနှင့် ပတ်သက်၍ အာဆီယံ တက္ကသိုလ်များ ကွန်ယက် ASEAN University Network-Quality Assurance(AUN-QA) ၏ Associate Membership တက္ကသိုလ် ဖြစ်ပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် သည်လည်း Quality Management System ဆိုင်ရာ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်များကို ရရှိထားပြီး အာရှနှင့်ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း (Federation of Engineering Institutions of Asia and Pacific (FEIAP)) ၏ ပဏာမ အသိအမှတ်ပြုမှုလက်မှတ် Provisionally Accredited နှင့် အပြည့်အဝ အသိအမှတ် ပြုမှုလက်မှတ် Fully Accredited များ ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် မိမိတို့ ရရှိထားသော အရည်အသွေးအာမခံမှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို အင်ဂျင်နီယာ ဘာသာရပ်များကို စာတွေ့လက်တွေ့ တက်မြောက်အောင် သင်ကြားပေးကြရန် လိုအပ်ပါကြောင်း၊ စာတွေ့သာမက လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

ကွန်ပျူတာ တက္ကသိုလ်များသည်လည်း ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ် ပြုနိုင်ရေးအတွက် Seoul Accord နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ တက္ကသိုလ်များနည်းတူ ICT နည်းပညာကို အသုံးပြုသည့် Learning Management System (LMS) သင်ကြား သင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူလျှင်မြန် ထိရောက် အကျိုးရှိစွာ သင်ကြား သင်ယူနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များ အနေဖြင့်လည်း နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များဖြစ်လာစေရန် ဆက်လက် ကြိုးပမ်းကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား သင်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး  လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံတို့ကို လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)