ပွင့်ဖြူမြို့နယ်၌ ကူးတို့လုပ်ငန်းလုပ်ကိုင်ကြသူများ မိုးတွင်းကာလ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး ကွင်းဆင်း အသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကူးတို့လုပ်ငန်းလုပ်ကိုင်ကြသူများ မိုးတွင်းကာလ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး ကွင်းဆင်း အသိပညာပေး



MNP - ဩဂုတ်   ၁၇


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လေလံစနစ်ဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြုချထားပေးထားသည့် ကူးတို့လုပ်ငန်းလုပ်ကိုင်ကြသူများ ကူးတို့လိုင်စင်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လုပ်ကိုင်နိုင်ရန်နှင့် မိုးတွင်းကာလ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မုန်းချောင်းဆိပ်ရှိ ကူးတို့လုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းအသိပညာ‌‌ပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ လေလံစနစ်ဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြချထားပေးသည့် ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာနှင့် ဂွေ့ကျေးရွာ မုန်းချောင်းဆိပ်ရှိ ကူးတို့လုပ်ငန်းခွင်သို့ သွားရောက်ပြီး  လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကူးတို့လုပ်ငန်းလုပ်ကိုင်ရာတွင် မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ထိခိုက်မှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ဒေသခံပြည်သူများကို ကူးတို့ရေယာဉ်ဖြင့် ပို့ဆောင်ရာ၌ အန္တရာယ်ကင်းဝေးစေရန် အသက်ကယ်ဝတ်စုံ (Life Jacket) များ စနစ်တကျ ဝတ်ဆင်ပြီးမှသာ ပို့ဆောင်ပေးကြရန်နှင့် ကူးတို့လုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားရန်တို့ကို ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။


ထို့နောက် ဒေသခံကူးတို့လုပ်ငန်းရှင်များက မိမိတို့ ကူးတို့လုပ်ငန်း လုပ်ကိုင်ရာ၌ တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများအဖွဲ့က  ဆွေးနွေးတင်ပြချက်များအပေါ်  ကူးတို့လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကူးတို့ပို့ဆောင်နေသည့်ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။     


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)