MNP - ဩဂုတ် ၁၇
နမ့်ဆန်မြို့နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် နိုင်ငံစီးပွားတိုးတက်မြင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် နိုင်ငံတော်မှ ကျပ်သိန်းပေါင်း(၅၀၀၀၀/) (ကျပ်သိန်းပေါင်းငါးသောင်းတိတိ) ခွင့်ပြုချထားပေးပြီး နမ့်ဆန်-မန်တုံမှ တောင်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတာသိန်းဇော်မှ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ စီးပွားဘဝနှင့်နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်ရန်အတွက် နိုင်ငံတော်အစိုးရသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ငွေကျပ်(၅)ဘီလီယံရရှိပါကြောင်း အဆိုပါရန်ပုံငွေခွဲဝေ သုံးစွဲရာတွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်သည့်ပုံစံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်မှချပေးသော ဒေသစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားရေး ရန်ပုံငွေအား စနစ်တကျ အသုံးပြုရန်အတွက် ကော်မတီအသီးသီးဖွဲ့စည်း၍ စနစ်တကျသုံးစွဲသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးမွေးမြူရေး မြစိမ်းရောင်စီမံကိန်း၏ အဓိကရည်ရွယ်ချက်(၄)ချက်ကိုရှင်းပြပြီး မြစိမ်းရောင်မတည်ရန်ပုံငွေမှ ကျေးရွာသူ၊ ကျေးရွာသားများ၊ သမဝါယမအသင်းသားများအား ချေးငွေထုတ်ချေးပေးမှုများ၊ အတိုးကောက်ခံခြင်းကို (၆)လတစ်ကြိမ် သတ်မှတ်ကောက်ခံသွားပြီး စီမံကိန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ထိ နှစ်အလိုက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချေးငွေသက်တမ်းကာလ စိုက်ပျိုးရေးလုပ်ငန်းတွင် ကော်ဖီ၊ လက်ဖက်၊ ဝဥအပါအဝင် နှစ်ရှည်သီးနှံများအတွက် ချေးငွေသက်တမ်း(၃)နှစ်၊ ရာသီပေါ်သီးနှံများအတွက် ချေးငွေသက်တမ်း(၁)နှစ် သတ်မှတ်ပြီး မွေးမြူရေးလုပ်ငန်းကဏ္ဍ၊ ကြက်၊ ဝက်၊ ငါးလုပ်ငန်း၊ စသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်း၊အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီမံကိန်းကျေးရွာများတွင် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ တိုးပွားလာသောငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ဖြစ်ပါကြောင်းချေးငွေ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သူ ရှိပါကချေးငွေရယူသူ ကိုသာမက အာမခံသည့် အာမခံသူ(၂)ဦးကိုပါ စာချုပ်စည်းကမ်းနှင့်အညီ အရေးယူသွားမည် ဖြစ်ပါကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများရှင်းလင်းပြောကြားခြင်း၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် အစည်းအဝေးသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဒေသအဆင့်ဌာနဆိုင်ရာများ နမ့်ဆန်မြို့နယ်နှင့်မန်တုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment