ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး တက်ရောက်


MNP ၊ ဩဂုတ် ၁၇

မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်ရှိ United Wood Industries စက်ရုံ အစည်းဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသည် အာရှတွင် တတိယမြောက် ဝါးနှင့်ကြိမ် သယံဇာတ ကြွယ်ဝသောနိုင်ငံဖြစ်ပြီး ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး၊ ကြိမ်မျိုးစု ၆ မျိုးနှင့် ကြိမ်မျိုးစိတ် ၃၂ မျိုး ပြန့်နှံ့ ပေါက်ရောက်လျက်ရှိရာ စီးပွားရေးအရ အရေးပါသော ဝါးမျိုးစိတ် ၁၈ မျိုးနှင့် ကြိမ်မျိုးစိတ် ၁၄ မျိုးရှိကြောင်း၊ နှစ်စဉ်ပျဉ်းမျှ ဝါအလုံးရေ ၁၄၇ သန်းနှင့် ကြိမ်အလုံးရေ ၄.၈ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများ ရှာဖွေပေးလျက် ရှိကြောင်း၊ ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချမှုတွင် ကုန်ကြမ်းများ တင်ပို့ခြင်းထက် ဝါးအချောထည် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ကြိမ်နှင့်ဝါးအခြေခံ စက်မှုလုပ်ငန်းများ တိုးတက်လာစေရန်အတွက် စက်ရုံများအတွက် လိုအပ်သော ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိရေးအတွက် သဘာဝတောများမှသာမက ဝါးစိုက်ခင်းများ တည်ထောင်၍ ဖြည့်ဆည်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများတွင် ဝါးစိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်ပြီး လိုအပ်သော ပျိုးပင်နှင့်စိုက်ပျိုး နည်းပညာများကို ဖြန့်ဝေသွားရမှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ဝါးစိုက်တောင်သူများ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးဌာနမှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။ ဆက်လက်၍ တက်‌ရောက်လာသူများက ဝါး၊ ကြိမ် ပေါက်ရောက်မှု၊ ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုး ပျိုးထောင်မှုနှင့် ဝါးအချောထည်ပစ္စည်းများ တိုးမြင့်ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင် ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေး ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်အချောထည် စက်ရုံအတွင်း တန်ဖိုးမြှင့် သစ်အချောထည် ပစ္စည်းများထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် ဝါးကုန်ချောပစ္စည်းနှင့် ပရိဘောဂ ထုတ်လုပ် နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

မွန်းပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ Green Gold Industry သစ်အချောထည်စက်ရုံအတွင်း ကျွန်း၊ ပျဉ်းကတိုး ကြမ်းခင်း၊ လှေကား၊ တံခါးနှင့် ပရိဘော ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)