နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဒုတိယမြို့တော်ဝန် ဦး‌မောင်မောင်တို့ ဇဗ္မူသီရိမြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဒုတိယမြို့တော်ဝန် ဦး‌မောင်မောင်တို့ ဇဗ္မူသီရိမြို့နယ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး



MNP - ဩဂုတ်   ၂၀


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန့်ရှင်းသာယာ လှပရေးအတွက် မြို့နယ်များတွင် သန့်ရှင်း သာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇဗ္မူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့တွင် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှု အားပေးသည်။


ထို့သို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများ စုစုပေါင်း အင်အား (၇၀၀)ခန့်က စုပေါင်း၍ လမ်းဘေးဝဲယာ တစ်လျှောက်  မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ဘူးကွဲချောင်းအတွင်းရှိ အမှိုက်သရိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကား များဖြင့် သိမ်းဆည်း ဆောင်ရွက်ကာ စနစ်တကျ စွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)