မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP ၊  ဩဂုတ်  ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ကာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ နှင့် ပြည်သူများက  မြို့ဦးရွှေစည်းခုံစေတီတော်ကြီးနှင့် နာရီစင်ခွဆုံမှ လမ်းမ ကြီးတစ်လျှောက်  ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့်အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ပြည်သူ များ  စုစုပေါင်း အင် အား  ၁၅၀ ခန့်က အဖွဲ့များခွဲကာ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဘုရား ဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက်   ရင်ပြင် အနီး အနားရှိ အမှိုက် သရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက်စည်း လှဲခြင်း  များ အား သန့်ရှင်း သာယာလှပစေရေး အတွက်စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး နာရီစင်ခွဆုံမှ လမ်းမ ကြီးတစ်လျှောက် လမ်းဘေး ဝဲယာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ များ နှင့် တာဝန်ရှိသူများက ပလက်စ တစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  


အောင်ကျော်စိန် ၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)