ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေးဟောပြော ပွဲ၊စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေးဟောပြော ပွဲ၊စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ





MNP ၊ ဩဂုတ် ၂၀

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လက်ဝဲဒက်ပုဇွန်ချောင်းကျောင်းတို့ပူးပေါင်းပြီးကျောင်းသား၊ကျောင်းသူများအားယနေ့မွန်းလွဲ(၂)နာရီအချိန်ကလူကုန်ကူးမှုကာကွယ်တားဆီးရေးအသိပညာပေးဟော ပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲကျင်းပခဲ့ကြောင်း သိရသည်။


ထိုသို့အသိပညာပေးဟောပြောပွဲတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် လူကုန်ကူးမှုအန္တရာယ်ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်၊လူကုန်ကူးခံရသူများအားစာနာနားလည်ခြင်းဖြင့်ကာကွယ်စောင့်ရှောက်ကြပါရန်၊လူသားအချင်းချင်းစာနာလို့လူကုန်ကူးမှုတိုက်ဖျက်ကြပါစို့ဆိုသည့်

ခေါင်းစဉ်များဖြင့်ကျောင်းသားကျောင်းသူများအားအသိပညာပေးဟောပြောခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက စာအုပ်ပြပွဲနှင့်လူကုန်ကူးကာကွယ်တားဆီးရေးအသိပညာပေနံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲများပြသထားရှိမှုအားရှင်းလင်းပြသခဲ့ကြရာ ကျောင်းသား၊ကျောင်းသူများကစိတ်ဝင်တစားကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။

 အဆိုပါအသိပညာပေးဟောပြောပွဲ၊စာအုပ်ပြပွဲ၊နံရပ်ကပ်စာစောင်၊ဓာတ်ပုံပြပွဲသို့လက်ဝဲဒက်ပုဇွန်ချောင်းကျောင်းမှကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)