MNP ၊ ဩဂုတ် ၂၀
မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ် ဝါရီရူခန်းမတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန် ရည်ရွယ်၍ ဒေသနေပြည်သူများ နှင့်သံဃာတော်များအားဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်နှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါဆေးထိုးခြင်းလုပ်ငန်းတွင်မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၏ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာရှိအုပ်ချုပ်ရေးမှုးတို့ကမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊မှတ်တမ်းကောက်ယူခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment