MNP - သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့ခြင်းကို မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT အစီအစဉ်တွင် အကျုံးဝင်သော အကျိုး ခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် (၁၅၆၄)ဦး၊ ကလေးသူငယ် (၃၅၁၀)ဦး စုစုပေါင်း (၅၀၇၄)ဦး အတွက် စုစုပေါင်းထောက်ပံ့ကြေးငွေကျပ်သိန်း (၂၁၇၅၉၀၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ပြန်လည်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment