MNP - သြဂုတ် ၂၄
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ နံရံကပ် စာစောင်ပြသပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.မ.က.(မူလွန်) ကလိုင်းကနိုင်ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.မ.က မူလွန် ကလိုင်းကနိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေး က ကျောင်းသား၊ကျောင်းသူ များ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် အတွေး အခေါ် မြင့်မားစေရန် စာဖတ် သည့်အလေ့အကျင့် ပြုစုပျိုးထောင်ပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ အားကစားအရာရှိ ဦးကိုကိုဝင်းက လူငယ်များ ကျန်းမာကြံ့ခိုင် ညဏ်ရည်ဖွံ့ဖြိုးစေရန် အားကစားနည်းများကို လေ့လာလိုက်စား၍ လူငယ်၊ လူရွယ်များ ကျန်းမာတက်ကြွပြီး အားကစားကို စိတ်ပါဝင်စားသည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် ပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာ ပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူ လေ့လာခဲ့ကြသည်။
ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားပစ္စည်းများအား ကျောင်းအုပ် ဆရာမကြီးထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment