ဝိုင်းမော်မြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်နည်းနှင့် ကြက်သွန်ဖြူပိုးနှင် ဆေးပြုလုပ်နည်း စာတွေ့ လက်တွေ့ ကွင်းသရုပ်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်နည်းနှင့် ကြက်သွန်ဖြူပိုးနှင် ဆေးပြုလုပ်နည်း စာတွေ့ လက်တွေ့ ကွင်းသရုပ်ပြပွဲဆောင်ရွက်

 


MNP -  ဩဂုတ်   ၂၄


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်နည်းနှင့် ကြက်သွန်ဖြူပိုးနှင် ဆေးပြုလုပ်နည်း စာတွေ့လက်တွေ့ ကွင်းသရုပ်ပြပွဲကို ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါ သဘာဝမြေဩဇာပြုလုပ်နည်းနှင့် ကြက်သွန်ဖြူပိုးနှင်ဆေး ပြုလုပ်နည်း စာတွေ့လက်တွေ့ ကွင်းသရုပ်ပြဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးယဉ်မင်းစိုးက သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် သွင်းအားစု ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းကြီးမြင့်မားမှုများကြောင့်နှင့် ဓာတုဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီး နိုင်ရေးအတွက် ယခုလို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရ ကြောင်း ပြောကြားသည်။


အဆိုပါ တောင်သူအသိပညာပေး သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက  ဟင်းသီး ဟင်းရွက်စိုက်ခင်းများ ထူထောင်နိုင်ရာတွင် သဘာဝမြေဩဇာပြုလုပ်နည်း၊ အပင်ထွက် သဘာဝပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲနည်းနှင့် စပါးခွံပေါင်းခံရည် ပြုလုပ်သုံးစွဲနည်းတို့ကို စာတွေ့ဆွေးနွေးကာ နောင်တာလော ကျေးရွာရှိ တောင်သူဦးညီညီ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းတွင် သဘာဝမြေဩဇာ စူပါအီးအမ် ဘိုကာရှီ ပြုလုပ်နည်း၊ ထရိုင်ဂိုဓားမားပွားစာ ပြုလုပ်နည်းနှင့် ကြက်သွန်ဖြူ ပိုးနှင်ဆေးပြုလုပ်နည်းတို့ကို လက်တွေ့ ကွင်းသရုပ်ပြသခဲ့သည်။


ဝိုင်းမော်မြို့နယ် ရာသီပေါ်သီးနှံစိုက်ခင်း စိုက်ပျိုးဧက (၃၀၀) ကျော်တွင် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ကန်စွန်းဦချဉ်ပေါင်၊ ဗူး၊ ဖရုံ၊ ငရုပ်၊ သခွားများအပြင် ပန်းစိုက်ပျိုးရေး လုပ်ငန်းများလည်း ဆောင်ရွက် ကြောင်းနှင့် အဆိုပါ နည်းပညာပေးသင်တန်းတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တောင်သူ (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဖြူစင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)