MNP - ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ပါမူကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာပညာသင်ကြား၊ သင်ယူနိုင်ရေးအတွက် မူလတန်းကျောင်းဆောင်သစ်ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မူလတန်းကျောင်းဆောင်ကို ဇူလိုင် ၂၇ ရက်နေ့မှ စတင်တည်ဆောက်လျက်ရှိပြီး အမျိုးအစားမှာ အလျား ၆၀ ပေ၊ အနံ ၂၀ ပေနှင့် အမြင့် ၁၂ ပေရှိ အာရ်စီတစ်ထပ်ကျောင်းဆောင်ဖြစ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၇၅ ဒဿမ ၄၅ ကျပ်သန်းဖြင့် လင်းရောင်ခြည်ဖြိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး ယနေ့အထိ ၁၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးလျက်ရှိကြောင်း သိရသည်။
သတင်း - ယဉ်ယဉ်ဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment