MNP ၊ ဩဂုတ် ၂၆
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန် အခြေခံပညာ မူလတန်းလွန် (စံပြ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက လေဘေး၊ မုန်တိုင်း ဘေး ၊ ရေကြီးမှု ၊ မိုးကြိုး အန္တရာယ်များ ၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာ ဗဟု သုတများအား ဟောပြောပြီး မြို့နယ် မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ် တပ်ဖွဲ့ ဝင်များက ကူညီ ဆောင်ရွက်နေမှု အခြေအနေများ ၊ မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ မှ သတိပေး ထုတ် ပြန် ချက်များ ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန်များ အား ပြောကြားကာ အသိပညာ ပေး လက်ကမ်း စာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့ နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ် အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသ အခြေအနေအား ပြည်သူ့များ ထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ ၊ သ ဘာဝဘေး အန္တရာယ်များ ဖြစ် ပေါ်လာ ပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျ ရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးသူနာ ပြုစုနည်းများ ၊ ကြိုး ချည်နည်းစနစ်များ ၊ လူနာသယ်နည်းစနစ်များ ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများ စသည့်တို့ကို ကျောင်း သား/သူများအား သရုပ်ပြသကာ လက်တွေ့ လုပ် ဆောင် စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ အသိ ပညာပေးဟောပြောပွဲသို့ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး နှင့် ဝန်ထမ်းများ ၊ မီးသတ် ဦးစီးဌာနမှ မြို့နယ် ဦးစီး မှူး ထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ ဝင် များ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment