ချောင်းဆုံမြို့နယ် (ရွာလွတ်၊ ညောင်လန်း၊ ကညှော်)ကျေးရွာတို့တွင် တောင်သူများ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဆုံမြို့နယ် (ရွာလွတ်၊ ညောင်လန်း၊ ကညှော်)ကျေးရွာတို့တွင် တောင်သူများ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ်

 


MNP - သြဂုတ်   ၁


ဖြစ်ပေါ် ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်စနစ် သီးနှံ ပုံစံပြောင်းလဲ ချမှတ်နိုင်ရေး မျိုးစေ့များပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူတောင်သူများအတွက် စံချိန်စံညွှန်း ပြည့်မီသော သွင်းအားစုများအား အချိန်ကိုက် ထည့်သွင်းနိုင်ရေး နည်းပညာနှင့် စိုက်ပျိုးနည်းပညာ အကူအညီများကို ရရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့က (ကညှော်ကျေးရွာ၊ ရွာလွတ်ကျေးရွာခန်းမ)နှင့် ညောင်လန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူနည်း ပညာပေးဆွေးနွေးပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း ဆွေးနွေးပေးခဲ့သည်။


ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဌာနဒုတိယဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် ဝန်ထမ်းများက ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်း စိုက်ဧက တိုးချဲ့စိုက်ပျိုးခြင်းနှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး နည်းလမ်းများကိုလည်းကောင်း၊ ရာသီအလိုက် စိုက်ပျိုး နိုင်မည့် သီးနှံများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် သုံးစွဲသည့်မျိုး၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးသုံးစွဲရမည့် နည်းလမ်းများကို လည်းကောင်း၊ ဘက်စုံအဆင့်မြှင့်နည်းပညာကို သုံး၍ အထွက်နှုန်းမြင့်မားပြီး အရည်အသွေး ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်စေရေး နည်းလမ်း များအား နည်းပညာများ ဆွေးနွေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြားကျေးရွာများသို့လည်း တာဝန်ရှိသူများက ကွင်းဆင်းဆွေးနွေးပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)