MNP - သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဉ်များ စီးနင်းမောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ယာဉ်သွားလာမှုများပြားသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြည်သူများယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဉ်များနှင့် တရားမဝင် သုံးဘီးဘေးတွဲယာဉ်များ စီနင်းမောင်းနှင်မှု မရှိစေရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment