MNP - ဩဂုတ် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့၊ ကန်ပြောင်ကျေးရွာတွင် ရေသန့်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရေသန့်စက်ရုံကို Shun Shun Aung ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ အလျား ၁၀ ပေ၊ အနံ ၁၃ ပေ၊ အမြင့် ၂၀ ပေရှိပြီး ခွင့်ပြုငွေ (၂၄.၈၇၅) သန်းကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ ကျန်းမာရေးနှင့် ညီညွတ်သော ရေကောင်းရေသန့် သောက်သုံးနိုင်ရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment