ပန်းတနော်တွင် မီးဘေးသင့် အိမ်ထောင်စု(၁)စုအား ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်တွင် မီးဘေးသင့် အိမ်ထောင်စု(၁)စုအား ထောက်ပံ့ငွေပေးအပ်

 


MNP - သြဂုတ်   ၁


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရွှေမြင်တင်ကျေးရွာတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်တစ်လုံးအား ယနေ့ နံနက်ပိုင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သောနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၃)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေကျပ် ၂၀၀,၀၀၀/-၊ ဆန်ရိက္ခာတစ်ဦးလျှင် ငွေကျပ် ၂,၁၀၀/-နှုန်းဖြင့် လူဦးရေ (၃)ဦးအတွက် ငွေကျပ် ၆,၃၀၀/-နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ ပလတ်စတစ်ပုံး (၁)ပုံးတို့အား  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းနှင့် မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်လင်းထွဋ်တို့မှ မီးဘေးသင့် အိမ်ထောင်စုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးခိုင်ကျော်ဦးအား ပန်းတနော်မြို့မရဲစခန်းမှ (ပ) ၈၀/ ၂၀၂၂ ရာဇသတ်ကြီး ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)