MNP - သြဂုတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂–၂၀၂၃ ခုနှစ်၊ မိုးစပါး ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်းအား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ယနေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြ ဆင်ကူးကျေးရွာ၊ တောင်သူ ဦးကြံမောင်၊ ဦးစိုးသိန်းတို့၏ စိုက်ပျိုးရေးကွင်း၌ ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ ခုနှစ် မိုးစပါးလျာထားဧကပြည့်မှီရေး၊ ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား နည်းပညာပေးသင်တန်းများ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ မျိုးကောင်း၊ မျိုးသန့် မိုးစပါးအဖြစ် ပြောင်းလဲပေးခြင်း၊ ဓာတ်မြေသြဇာများ ဈေးနှုန်းမြင့်မားနေချိန်တွင်ဌာနမှ ထောက်ပံ့ပေးခြင်း၊ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ စံပြကွက်၊ စမ်းသပ်ကွက်၊ မျိုးစေ့ထုတ်စိုက်ခင်းများကို အကျိုးဆောင်တောင်သူများနှင့် သရုပ်ပြစိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။
ထို့သို့ပြုလုပ်ရာတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလယ်ကွင်းများမှ မိုးစပါးအထွက်နှုန်းကောင်းမွန်စေရန်၊ တောင်သူများအား ဝင်ငွေတိုးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - သားကြီး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment