ထားဝယ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - သြဂုတ်   ၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ အား ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


အခမ်းအနားတွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက နိုင်ငံတော်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၉ ခုနှစ်မှ စတင်ပြီး  ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပြတ် ကျင်းပပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်၍ ကျင်းပနိုင်ခြင်းမရှိကာ ယခု  ၂၀၂၂ ခုနှစ်တွင်ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ဦးတည်ချက်(၄) ရပ်ဖြင့်ကျင်းပမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ထားဝယ်ခရိုင်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ကရွေးချယ်ပေးပို့လာသောပြိုင်ပွဲဝင်များ၊ ထားဝယ်တက္ကသိုလ်နှင့် ထားဝယ်ပညာရေး ဒီဂရီကောလိပ်က ပေးပို့လာသော ပြိုင်ပွဲဝင်များကို သတ်မှတ်ပြိုင်ပွဲအဆင့်အလိုက် ခရိုင်အဆင့်ပြိုင်ပွဲတွင် ယခုလို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ၂ဝ၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်တွင် အခြေခံပညာအဆင့်အသက် (၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်နှင့် အဆင့်မြင့်ပညာအဆင့်တို့တွင် ပြိုင်ပွဲဝင်(၂၈)ဦးယှဉ်ပြိုင်နေမှုကိုတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်မိဘများနှင့် ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)