MNP - သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ကျေးရွာနေပြည်သူများ မိသားစုဝင်ငွေ တိုးတက်စေရေးအတွက် အခမဲ့စက်ချုပ်သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ကြိုးကြိုးစားစားသင်ယူကြရန် ဆွေးနွေးမှာကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေ တိုးပွားစေရေးရည်ရွယ်၍ စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်သင်တန်းသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စက်ချုပ်သင်တန်းကို ကျေးရွာများမှ သင်တန်းသူ (၃၀)ဦးဖြင့် ၂၀၂၂ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှစတင်၍ တစ်လကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment