ဖျာပုံမြို့၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဆီ ဝယ်ယူနိုင်ရေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃,၈၅၀/- ဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဆီ ဝယ်ယူနိုင်ရေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃,၈၅၀/- ဖြင့် ရောင်းချပေး




MNP - သြဂုတ်   ၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဆီလုပ်ငန်းရှင်များက ပြည်သူများဈေးနှုန်းချိုသာစွာ ဆီဝယ်ယူနိုင်ရေး အတွက် အမှတ်(၆)ရပ်ကွက် ရွှေကောင်းစံဆီဆိုင်တွင် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၃,၈၅၀/-ကျပ်နှုန်း ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခြင်းကို သြဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါစားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊ ရွှေကောင်းစံဆီဆိုင်ပိုင်ရှင် ဦးမျိုးမင်းထွဋ်နှင့် ဝန်ထမ်းများ ကစားအုန်းဆီ တစ်ပိဿာလျှင် ၃,၈၅၀/-ကျပ်နှုန်း ရည်ညွှန်းဈေးဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးရာ ဖျာပုံမြို့နယ် အနေဖြင့် စားအုန်းဆီပေပါ(၁၀)လုံးကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)