MNP - ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်နေ့က စတင်ကျင်းပရာ ဇူလိုင် ၃၁ ရက်နေ့၌ ခရိုင်ပြိုင်ပွဲများတွင် ဆုရရှိသည့် ထူးချွန်သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စတင်ကြောင်းသိရသည်။
အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်သည့် ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များက သက်ဆိုင်ရာ ပြိုင်ပွဲအလိုက် ထူးချွန်သူများနှင့် အကဲဖြတ်ဒိုင် အဖွဲ့ဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment