စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းတို့နှင့် အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် သာပေါင်း-မကျီးဇင် ကားလမ်းကွန်ဂရစ် ခင်းကျင်းမှု့အား ကြည့်ရှု့စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းတို့နှင့် အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် သာပေါင်း-မကျီးဇင် ကားလမ်းကွန်ဂရစ် ခင်းကျင်းမှု့အား ကြည့်ရှု့စစ်ဆေး

 


MNP - ဩဂုတ်   ၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းတို့နှင့် အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းအရာရှိများ၊ ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဧည့်ရိပ်သာခန်းမ၌ တွေ့ဆုံပြီးနောက် သာပေါင်း-မကျီးဇင် ကားလမ်းကွန်ဂရစ်ခင်းကျင်းမှု့အား ကြည့်ရှု့စစ်ဆေးကြသည်။


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ အဆင့်မြင့် စက္ကူစက်ရုံ သာပေါင်းစက်ရုံမှူးဦးသိန်းဇော်ဦးနှင့် အရာရှိများ၊ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းတို့က နံနက် ၈ နာရီအချိန် ကွက်ပြင် ကျေးရွာအုပ်စု၊ ကျင်းကြီးကျေးရွာအနီး အဆင့်မြင့် စက္ကူစက်ရုံပိုင် ကုန်ကြမ်းစိုက်ခင်းတွင် အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်း မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် မဟော်ဂနီပျိုးပင်များနှင့် မန်ဂျန်ရှား ပျိုးပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး‌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းတို့နှင့် အဆင့်မြင့် စက္ကူစက်ရုံ သာပေါင်းအရာရှိများ၊ ဝန်ထမ်းများနှင့် ဧည့်ရိပ်သာခန်းမ၌ တွေ့ဆုံရာ အဆင့်မြင့်စက္ကူစက်ရုံ သာပေါင်းစက်ရုံမှူး ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ အဆင့်မြင့်စက္ကူစက်ရုံ အခြေအနေများအား ရှင်းလင်းတင်ပြကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဧရာဝတီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းတို့မှ ဝန်ထမ်းများကို အားပေးစကား ပြောကြားခဲ့သည်။


ထို့နောက် ဧရာဝတီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့ဝင်တို့က သာပေါင်း-မကျီးဇင် ကားလမ်းကွန်ဂရစ်ခင်းကျင်းမှု့ အခြေအနေအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)