MNP - ဩဂုတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မှကြီးမှူး၍ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွတ်ခိုင်မြိုနယ်၊ အမှတ်(၂)ရပ်ကွက်၊ မုန်းဝန်းယဉ်ကျေးမှု ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကွတ်ခိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင် ဦးစီးမှူး ဦးစောဝင်းလွင်မှ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍လည်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် မုန်းဝန်းလူမျိုးများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၀)ကတ်အားခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များမှ အလွှာရှင်များအားပေးအပ်ခဲ့ပြီး၊ ကွတ်ခိုင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အကျိုး ကျေးဇူးနှင့် သတိပြုလိုက်နာရမည့်အချက်များအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ခံရရှိသည့် အလွှာရှင်များကိုယ်စား ကွတ်ခိုင်မြို့နယ် မုန်းဝန်း ယဉ်ကျေးမှုအဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းနားပြီးဆုံးခဲ့ကြောင်း သိရသည်။
အခမ်းနားသို့ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ကွတ်ခိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဝင်းလွင်၊ ကွတ်ခိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးညွန့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့အဝင်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလက်ခံရယူမည့် အလွှာရှင်များနှင့် ဖိတ်ကြားထားသည့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၈၀) ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။
သတင်း - ချစ်မျိုးဦး
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment