MNP - ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်း - သဲဖြူ - မကျီးဇင်လမ်း ကွန်ကရစ်ခင်းနေမှုအား ယမန်နေ့နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေကြီးဝန်ကြီးချုပ်အား ပုသိမ်ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှူးက ယာယီရှင်းလင်းဆောင်၌ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ထားရှိမှု လုပ်ငန်းများ၊ ကြက်သွန်ကွင်း - သဲဖြူ - မကျီးဇင်လမ်းပေါ်ရှိ Box Culvert နှင့် တံတားလုပ်ငန်း ဆောင်ရွက်မှုများ၊ ဘဏ္ဍာရေးနှစ်အလိုက် ကွန်ကရစ်လမ်း၊ မြေသားလမ်းနှင့် ခွဲကျောက်ထု အခြေခံလွှာ ခင်းကျင်းပြီးစီးမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်အရည်အသွေး စံချိန်စံညွှန်များနှင့်အညီ အလေးထားဆောင်ရွက်စေရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ်များတွင် လမ်းပိုင်းအလိုက် အချိန်မီပြီးစီးစေရေး၊ အောက်ခြေ ခွဲကျောက်ထုထည် ခိုင်မာစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေး၊ လမ်းအရည်အသွေး ပြည့်မီစေရေးတို့အား မှာကြားခဲ့ပြီး ကွန်ကရစ်လမ်းခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
သတင်း - လှမင်းထွဋ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment