MNP - ဩဂုတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သာသနာရေးမှူး ဦးကျော်မင်းသူနှင့် မြို့နယ်ဥပဒေအရာရှိ ဦးကျော်မျိုးလွင်တို့က ဘာသာရေး၊ ဗုဒ္ဓဝင်အကြောင်းအရာများနှင့် သာသနာရေးနှင့်ယဉ်ကျေး မှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ သိကောင်း စရာများအကြောင်းကို ဆွေနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂)ဦးသန်းငွေ၊ အဖွဲ့ဝင်(၃)မြို့နယ်လဝကဦးစီးမှူး ဦးဝင်းသိန်း၊ အတွင်းရေးမှူး ရဲမှူးအောင်ဇေယျာလင်း၊ မြို့နယ်သာသနာရေးမှူး ဦးကျော်မင်းသူက၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်မျိုးလွင်နှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - မျိုးသီဟ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment