MNP ၊ သြဝုတ် ၁
နိုင်ငံတော်ကမြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်မတိမ်ကောမပပျောက်စေ ရေး နှင့် ဆက်လက် ထိန်းသိမ်းနိုင်ရေးမြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိရာ ၂၀၂၂ခုနှစ် ၊(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကိုယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ ၌ ကျင်းပ ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ၂ဝ၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် တွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ် နှင့် အဆင့်မြင့်ပညာအဆင့်တို့တွင် ပြိုင်ပွဲ ဝင်(၂၈)ဦး ၏ အဖြေရမှတ်များကို အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ က စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူ နှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)
https://t.me/MyanmarNationalPost


No comments:
Post a Comment