MNP - ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူမှုဖူလုံရေး အကျိုးခံစားခွင့်ဆိုင်ရာ ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ခင်သဲအေးမှ လူမှုဖူလုံရေး အကျိုးခံစားခွင့်ဆိုင်ရာများနှင့် စပ်လျဉ်း၍ အလုပ်သမားအကျိုးခံစားခွင့် မဆုံးရှုံးစေရန် အချိန်မှီမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများ၊ အာမခံအလုပ်သမားများဆိုင်ရာကိစ္စများ၊ မကျန်းမာမှုအတွက် ဆေးကုသခံယူခွင့် ဆိုင်ရာကိစ္စရပ်များ၊ မကျန်းမာမှုးများအတွက် ငွေကြေးခံစားခွင့်များ၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှု အတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်ဆိုင်ရာများအကြောင်းကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် လူမှုဖူလုံရေးအဖွဲ့ အာမခံမှတ်ပုံတင်ထားသူ ဦးသိန်းမြင့်မှ မကျန်းမာမှုများနှင့် ထိခိုက်မှုအကျိုးခံစားခွင့်ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ၊ ဦးစီးအရာရှိ ဒေါ်ခင်သဲအေးမှ မေးမြန်းချက်များနှင့် လက်ရှိအကောင်ထည်ဖော်နေသော အာမခံစနစ်နှင့် ထည့်ဝင်ကြေးများဆိုင်ရာများကို ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုအခြေပြုဗဟိုဌာနတွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဆိုင်ရာ ဟောပြောပွဲသို့ မြို့နယ်လူမှုဖူလုံးရေးအဖွဲ့ ဦးစီးအရာရှိဒေါ်ခင်သဲအေးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဌေးလှိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment