ကျောက်ဆည်မြို့နယ် ဥယျာဉ်ခြံမြေအချို့၌ ဒေသနှင့်ကိုက်ညီသည့်စပျစ်သီးနှံများ စမ်းသပ်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် ဥယျာဉ်ခြံမြေအချို့၌ ဒေသနှင့်ကိုက်ညီသည့်စပျစ်သီးနှံများ စမ်းသပ်စိုက်ပျိုး



MNP - ဩဂုတ်   ၁


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်းစပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ဥယျာဉ်ခြံမြေအချို့၌ ဒေသနှင့်ကိုက်ညီသည့် စပျစ်သီးနှံများ စမ်းသပ်စိုက်ပျိုးလာကြောင်း သိရှိရသည်။


စပျစ်သီးနှံသည် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး အပင် (၅၀၀) စိုက်ပျိုးပါက အသီးဆွတ်ခူးချိန်အထိ ကုန်ကျငွေကျပ် (၁၆) သိန်းခန့်ရှိကြောင်း၊ အသီးများခူးဆွတ်ရာတွင် ရက်ပေါင်း (၆၀) ကျော်အထိ ခူးဆွတ်ရပြီး စုစုပေါင်းကုန်ချိန် (၁၅၀၀) ပိဿာခန့်ရရှိကြောင်း ရောင်းဈေးအနေဖြင့် အသီးအမျိုး အစားနှင့် အသီးအခိုင်လှပမှုအပေါ်မူတည်၍ တစ်ပိဿာ (၂၀၀၀)ကျပ်၊ (၃၅၀၀)ကျပ် ဈေးအမျိုးမျိုးရောင်းရပြီး ငွေကျပ်သိန်း (၅၀) ခန့်ရရှိသောကြောင့် ဒေသနှင့်ကိုက်ညီသည့် စပျစ်မျိုးများ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မှိုင်းပန်ကျေးရွာမှ ဦးမြင့်မွှေးက ပြောပြသည်။


စပျစ်သီးနှံစိုက်ပျိုးမည်ဆိုပါက အကျယ်တစ်ပေ၊ အနက်တစ်ပေ မြေကျင်းများတူးပြီး သဘာဝမြေဆွေးများထည့်၍ စပျစ်အရိုင်းပင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၆) လအကြာတွင် ကိုင်းဖြတ်ကာ မိမိတို့စိုက်ပျိုးလိုသည့် အယဉ်မျိုးနှင့် ကိုင်းကူးပေးရကြောင်း၊ ကိုင်းကူးပြီး (၆) လအကြာတွင် စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ သပျစ်သီးနှံသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက သွင်းအားစုနည်းပြီး အကျိုးအမြတ်များသောကြောင့် တိုးချဲ့စိုက်ပျိုးခြင်းဖြစ်ကြောင်း စပျစ်သီးနှံစိုက် တောင်သူများထံမှ သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)