အရည်အ‎သွေးမမီသည့် မီတာအလုံး ၃၅၀၀၀ ဝယ်ယူမှုအတွက် တာဝန်ရှိသူများကို အမှုဖွင့် အရေးယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရည်အ‎သွေးမမီသည့် မီတာအလုံး ၃၅၀၀၀ ဝယ်ယူမှုအတွက် တာဝန်ရှိသူများကို အမှုဖွင့် အရေးယူ


MNP ၊ သြဂုတ် ၁

NLD အစိုးရလက်ထက်က အရည်အ‎သွေးမမီသည့် မီတာအလုံး ၃၅၀၀၀ ဝယ်ယူမှုအတွက် တာဝန်ရှိသူများကိုအရေးယူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်တို့ကို အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်တို့သည် ၂၀၁၇/၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာသုံး၊ မြိုငယ်နှင့် မြိုကြီးသုံးမီတာအလုံးသုံးသိန်းခွဲဝယ်ယူရာတွင် တင်ဒါပါ နည်းပညာသတ်မှတ်မမီ၊ စွမ်းဆောင်ရည်နိမ့်ပါးသည့် မီတာများကို ငွေပေးချေဝယ်ယူရန်ခွင့်ပြုခဲ့ခြင်း၊ မီတာဖတ်ရှုရန်ဆာဗာဝယ်ရာတွင်လည်း ဖတ်ရှုမရသည့် နည်းပညာနိမ့်သည့် ကုမ္ပဏီကိုရွေးချယ်ပြီး ငွေကျပ်သန်းတစ်ရာ ပေးချေခဲ့သည့်အတွက်ကြောင့် နိုင်ငံတော်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေခြင်းအတွက် အဂတိပုဒ်မ ၅၅ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါတရားစွဲဆိုအရေးယူဆောင်ရွက်မှုတွင် အမြဲတန်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်တို့သည် နိုင်ငံတော်ဘဏ္ဍာနှင့် ပိုင်ဆိုင်မှုနစ်နာဆုံးရှုံးစေရန် အားပေးကူညီသဖြင့် အဂတိပုဒ်မ ၅၅/၆၃ ဖြင့် နေပြည်တော်ပုဗ္ဗသီရိမြိုနယ်၊ ဘုရားကုန်းရဲစခန်းတွင် ဇူလိုင်လ ၂၇ ရက်၌ အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)