MNP - ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
တောင်မြေပြိုကျမှုကြောင့် ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ချောင်းကြီးဝကျေးရွာ၊ ကျောက်မော်လမ်းရှိ ဒေါ်ရှင်စိန်ပိုင်ဆိုင်သော ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ နေအိမ်အနောက်ဘက်ရှိ အမြင့်ပိုင်းမှမြေများပြိုကျကာ နေအိမ်တစ်ဝက်ကျော်ခန့် မြေများရောက်ရှိခဲ့ပြီး အောက်ခြေအုတ်ဖိနပ်များပျက်စီး၍ အိမ်အရှေ့ဘက်သို့ အနည်းအငယ်တိမ်းစောင်းခဲ့ကြောင်း သိရသည်။
မြေပြိုကျမှုများကြောင့် နေအိမ်ပျက်စီးမှု ကာလတန်ဖိုး သိန်း(၂၀)ခန့်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ၎င်းနေအိမ်နေ မိသားစုဝင်(၄)ဦးသည် ကျေးရွာရှိဆွေမျိုးများ၏နေအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
သတင်း - စည်သူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment