ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 



MNP - ဩဂုတ်  ၈


ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်တင်ကိုကို က အမှာစကားပြောကြားရာ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဖြေဆိုသူပေါင်း (၂၁၂)ဦးရှိရာ (၈၃) ဦးအောင်မြင်ခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ထူး (၁) ဘာသာလျှင် ကျပ်(၁)သိန်းနှုန်း၊ ရိုးရိုးအောင် (၅) သောင်းနှုန်းဖြင့်ချီးမြှင့်ခဲ့ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ဂုဏ်ထူး (၁) ဘာသာလျှင် (၅)သောင်းနှုန်း၊ ရိုးရိုးအောင် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း (၁၆၃၀၀၀၀) ကျပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှလည်း တက္ကသိုလ်၊ အထက်တန်း၊အလယ်တန်း၊ မူလတန်းနှင့် မူကြိုကျောင်းသား၊ကျောင်းသူများအတွက် စာအုပ်၊ ဘောပင်၊ ခဲတံ၊  ခြင်းတောင်း၊ ရေဗူး၊ မိုးကာအင်္ကျီ စုစုပေါင်းတန်ဖိုး( ၉၃၀၀၀၀) ကျပ် နှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေမှ (၁၅၅၃၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးအတွက် အထောက်အကူဖြစ်စေရန် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား နောင်နှစ်များတွင် ယခုနှစ်ထက်ပိုမိုချီးမြှင့်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ‌ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်၊ လူရည်ချွန် လူရည်မွန်များဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ဇနီးတို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ကျောင်းသူများ ကိုယ်စား (၄) ဘာသာဂုဏ်ထူးရှင် မောင်သူရိန်လင်း က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဇော်နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)