မိုးနဲမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေးစစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေးစစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

 


MNP - ဩဂုတ်   ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးပိုမိုကောင်းမွန်စွာဖြင့် ပညာရေးကို ပိုမိုကောင်းမွန်စွာ သင်ကြားနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်ရည်ရွယ်၍ KG မှ Grade-5  မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၈၀)ဦးကို ကိုယ်အပူချိန် တိုင်း ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေးကောင်းမွန်ခြင်းရှိ/မရှိ အာခေါင်စစ် ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ချောင်းဆိုးသောကလေးငယ်များ၊ နေမကောင်းသော ကလေးငယ် များကို ကျန်းမာရေးပြုစုပေးခြင်းများဆောင်ရွက်ပေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးမှ လာရောက်ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇင်ကိုကို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)