MNP - ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် အမှတ်(၂)ရေတားတမံကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ယမန်နေ့က စုပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(အဖွဲ့ဝင်) ရဲမှူးညွှန့်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ထွန်းနိုင်၊ မက်မန်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေယံထွန်းနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဩဂုတ်လ(၅)ရက်နှင့်(၆)ရက်နေ့တို့တွင် မိုးသည်းထန်စွာရွှာသွန်းမှုကြောင့် ကျိုးကျပျက်စီးခဲ့သည့် အမှတ်(၂)ရေတားတမံသို့ သွားရောက်၍ တံမံဘောင်ဖာထေးခြင်း၊ အမှိုက်သရိုက်နှင့်နှုံးများဆယ်ယူခြင်း၊ ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်းခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်ရည်ရွယ်၍ ရေပေးဝေရေးလုပ်ငန်းအဖြစ် ရေတားတမံ(၄)ခု ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - စိုင်းရွှေအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment