မိုးညိုမြို့နယ်တွင် မိုစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက (၄၈၆၉၅) အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်တွင် မိုစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက (၄၈၆၉၅) အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး



MNP - သြဂုတ်    ၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း တောင်သူများစားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွားလာစေရန်၊ စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေး ကောင်းမွန်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက (၄၈၆၉၅)အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။


မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု (၃၀)အုပ်စုရှိ ကွင်းအမှတ်ပေါင်း (၁၃၃)၊ ဦးပိုင်ပေါင်း (၁၇၁၆၁)၊ တောင်သူပေါင်း (၁၁၄၇၉)ဦးက စိုက်ဧကပေါင်း (၄၈၆၉၅)ဧကတွင် ဆင်းသုခစပါး (၃၆၂၀၀)ဧက၊ ရတနာတိုးစပါး (၈၉၅)ဧက၊ ရက်(၉၀)စပါး (၃၀၀၀)ဧက၊ မှော်ဘီ-၂ စပါး (၆၅)ဧက၊ မှော်ဘီ-၃ စပါး (၁၂၈)ဧက၊ ငစိန်စပါး (၈၃၉၇)ဧကနှင့် မျိုးစေ့ထုတ်စံပြကွက် ဆင်းသုခစပါးစိုက်ဧက (၁၀)ဧကတို့အား ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)