ကျောက်ဖြူမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဖိုး၊ အဖွားများအတွက် လစဉ် အလှူငွေများ ထောက်ပံ့ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဖိုး၊ အဖွားများအတွက် လစဉ် အလှူငွေများ ထောက်ပံ့ လှူဒါန်း



MNP - သြဂုတ်  ၅


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဖိုး၊ အဖွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန့်နေ့ မွန်းလွဲ(၃) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဘိုးဘွားရိပ်သာ အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 


အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကျောက်ဖြူ ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသည့် အဖိုး၊ အဖွားများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစေရန်အတွက် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ထောက်ပံ့ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယခုလိုမျိုး ထောက်ပံ့ခြင်းကို လစဉ်ပုံမှန် ထောက်ပံ့ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း စသည့် အလှူငွေများ ထောက်ပံ့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်အဆင့် ဌာနဆိုင်ရာ(၄၅) ဌာနမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ငါးသိန်း ငါးသောင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ခေါင်းဆောင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အုန်းထံသို့ ပေးအပ်လှူဒါန်းရာ အဆိုပါ ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ဝင်များမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


 အဆိုပါ ကျောက်ဖြူဘိုးဘွားရိပ်သာတွင် အဖိုး(၆)ဦး၊ အဖွား(၂၁)ဦး၊ စုစုပေါင်း အဖိုး၊ အဖွား (၂၇) တို့ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ နေ့စဉ် စားသောက်စရိတ်မှာ တစ်နေ့လျှင် တစ်သိန်းရှစ်သောင်းကျပ်ခန့် ကုန်ကျကြောင်း  ကျောက်ဖြူဘိုးဘွားရိပ်သာ ဂေဟာမှူးထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)