အောင်မြေသာစံမြို့နယ်တွင် ဝါဆို၊ ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော် များနှင့် သီလရှင်များအား စားသောက်ကုန်ပစ္စည်းများလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်မြေသာစံမြို့နယ်တွင် ဝါဆို၊ ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော် များနှင့် သီလရှင်များအား စားသောက်ကုန်ပစ္စည်းများလှူဒါန်း



MNP - ဩဂုတ်   ၅


မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မဟာဝိဇယာရာမခင်မကန်ကျောင်း တိုက်ရှိ ဗိမ္မာန်တော်အသစ်တွင် ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၌ ဝါဆို၊ ဝါကပ် သီတင်းသုံး တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်နီများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ မြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌ မဟာဝိသုဒ္ဒါရာမတိုက်ဆရာတော် ဘဒ္ဒန္တယသဝန္တ၊ မြို့နယ်သံဃနာ ယကအဖွဲ့ (သုဓမ္မာ) ဥက္ကဋ္ဌက ထိန်ကျောင်းဆရာတော် ဘဒ္ဒန္တပညာသိရီဘိဝံသပါ ပင့်သံဃာဆရာတော် (၉) ပါး အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇော်မျိုးဝေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ဝန်ထမ်းများ တက်ရောက် ခဲ့သည်။၊ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြ၍ တက်ရောက်လာသူများက ဆရာတော်ဘဒ္ဒန္တယသဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက လှူဒါန်းရခြင်းနှင့်ပတ်သတ်၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများနှင့်အတူ ဆရာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲနှင့် အလှူတော်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းခဲ့ရာ လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ဘဒ္ဒန္တယသဝန္တမှအနုမောဒနာ ရေစက်သွန်းချ တရား ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ပြီးဆုံးခဲ့ကြောင်းနှင့် အောင်မြေသာစံမြို့နယ်မှ ရဟန်း/သာမဏေ ၇၃၈၄ ပါး၊ သီ လရှင် ၁၉၃၃ ပါး ပေါင်း ၉၃၁၇ ပါး၊ တစ်ပါးလျှင် ဆွမ်းဆန်တော် (၆) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်သွန်နီ (၅၀) ကျပ်သား၊ ကုလားပဲ (၅၀) ကျပ်သား၊ စုစုပေါင်း ဆွမ်းဆန်တော် ၂၃၂၉. ၂၅ အိတ်၊ (၆) ပြည်၊ ဆီ ၄၆၅၈.၅၀ ပိသာ၊ ကြက်သွန်နီ ၄၆၅ ၈.၅၀ အိတ်၊ ကုလားပဲ ၄၆၅၈. ၅၀ ပိသာ စုစုပေါင်းတန်ဘိုး ၁၃၈.၁၁၃. ၀၁၉ သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)