မိတ္ထီလာမြို့နယ်တွင် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့နှင့် အခြေခံပညာကျောင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့နှင့် အခြေခံပညာကျောင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းအခမ်းအနား ကျင်းပ



MNP - ဩဂုတ်   ၅


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့နှင့် အခြေခံပညာကျောင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း   သိရသည်။


ရှေးဦးစွာ စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ စာရေးဆရာတင်တော်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက  ပညာဆိုတာ ဘာလဲ၊ စာဖတ်ခြင်း အကျိုးကျေးဇူး၊ စာပေသုံးမျိုးအကြောင်း၊ စိတ်အဟာရအတွက် စာဖတ် ပါ၊ လောကသာရကဗျာအကြောင်း၊ ဘေဘီလုံမှာ အချမ်းသားဆုံးပုဂ္ဂိုလ်နှင့် အောင်မြင်သူတိုင်း စာဖတ်ကြသည့် စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ ၎င်းဆွေးနွေးခဲ့မှုအပေါ် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြန်လည်သုံးသပ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းသို့မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB)မှ  အဖွဲ့ဝင်များ ၊ စာပေချစ်မြတ်နိုးသူများ၊ မြို့နယ်အတွင်းရှိ  အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၄)၊ အ.ထ.က (ခွဲအောင်ဇေယျာ)နှင့် အ.လ.က(၂)မှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)