ကျောက်တံခါးမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (Software program) ထည့်သွင်းခြင်းလုပ်ငန်းအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (Software program) ထည့်သွင်းခြင်းလုပ်ငန်းအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး



MNP - ဩဂုတ်   ၅


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ (၆၆/၆)ပုံစံများအား e-ID စနစ်ဖြင့်(Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ e-ID စနစ်ဖြင့် software program ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များက ယမန်နေ့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)