သံတောင်ကြီးမြို့နယ်တွင် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအားပုံမှန် ကာကွယ်ဆေးတိုက်ကျွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့နယ်တွင် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအားပုံမှန် ကာကွယ်ဆေးတိုက်ကျွေး



MNP - ဩဂုတ်   ၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်ကလေးငယ်များကျန်းမာ သန်စွမ်းစေရန်နှင့် ဉာဏ်ရည်ထက်မြက်စေရန် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးခဲ့ ကြောင်းသိရသည်။


အဆိုပါ  ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို သံတောင်ကြီးမြို့ ကျန်းမာရေးဆရာမ ဒေါ်မိုးမိုးခိုင်နှင့်  ကျန်းမာရေးဝန်ထမ်းများကဆုံဆို့၊   ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊  ငါးမျိုးစပ်ကာကွယ်ဆေး၊ဝက်သက်-ဂျိုက်သိုး ၊ ဂျပန်ဦးနှောက်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)စသည့် ကာကွယ်ဆေးများကို သံတောင်ကြီးမြို့အသက်တစ်နှစ်အောက်ကလေးငယ်များအား တိုက်ကျွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - နော်နော်မူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)