MNP - သြဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးဇော်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကျော်မြင့်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်၊ ညံတောအင်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်မှ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့၏ ဌာနလုပ်ငန်းများအား အသီးသီး ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများမှ မိမိတို့ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment