အမရပူရမြို့နယ်အတွင်းရှိ ဝါဆိုသံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမရပူရမြို့နယ်အတွင်းရှိ ဝါဆိုသံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားပြုလုပ်



MNP - သြဂုတ်   ၅


အမရပူရခရိုင် အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်တွင် အမရပူရ မြို့နယ်အတွင်းရှိ ဝါဆိုသံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆို ပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဝင် ဆင်ဖြူမယ်ကျောင်းတိုက်ဆရာတော် အဂ္ဂဉာဏထံမှ ငါးပါးသီလခံယူပြီး လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်း၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ လှူဒါန်းရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းလျှောက်ထားပြီး ဘဒ္ဒန္တ က္ကုန္ဒာလောကလင်္ကာရထံမှ ရေစက်သွန်းချတရားတော်ကို နာယူကြပြီး ရေစက်သွန်းချအမျှဝေခဲ့သည်။ အခမ်အနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


အဆိုပါအခမ်းအနားတွင် အမရပူရခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်တေဇနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အဆိုပါ ဝါဆိုသံဃာတော် ရဟန်းသာမဏေ အပါး(၅၄၁၀)ပါး၊ သီလရှင် အပါး (၃၇၇)ပါး စုစုပေါင်း အပါး (၅၇၈၇)ပါးတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)