ဘားအံမြို့တွင် အခမ်းအနားမှူး(Master of Ceremony)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့တွင် အခမ်းအနားမှူး(Master of Ceremony)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

 



MNP - ဩဂုတ်   ၅


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများမိမိတို့ဌာန၊ အဖွဲ့အစည်းအသီးသီးရှိ အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် အခမ်း အနားမှူးအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် အခမ်းအနားမှူးကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူး(Master of Ceremony)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်‌နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက သင် တန်းဆင်းဂုဏ်ပြုစကားပြောကြားပြီး ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ သင်တန်းသား/သူများမှ အခမ်းအနားမှူးအဖြစ် တစ်ဦးချင်းယှဉ်ပြိုင်ရာတွင် ပထမဆုကို ပညာရေးဌာနမှ အထက်တန်းပြဆရာမ ဒေါ်သဲနုဇင်မွန်၊ အ-ထ-က(တောင်ကလေး)၊  ဒုတိယဆုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းသဇင်၊ ဘားအံခရိုင်ရုံး၊ တတိယဆုကို အထက်တန်းပြဆရာမ ဒေါ်နန်းကေဇာထူးမြင့်၊ အ-ထ-က(၃)တို့မှ ရရှိခဲ့ရာ ဘားအံခရိုင်၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ် စာကြည့်တိုက် များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ် များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းကို ဘားအံခရိုင် Community Centre တွင် ၂-၈-၂၀၂၂ ရက်နေ့မှ ၃-၈-၂၀၂၂ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းတွင် အခမ်းအနားမှူးကောင်းတစ် ယောက်၏ ရှိရမည့်အရည်အချင်းများ၊ တာဝန်ဝတ္တရာများ၊ အသံပိုင်းဆိုင်ရာများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာများ၊ ကျန်းမာရေး၊ အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောကြားခြင်း၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနား တစ်ခုအောင်မြင်စွာကျင်းပခြင်း စသည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြား ပို့ချခဲ့ရာ ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)